Blog ကိုစလုပ်တတ်တာမကြာသေးပါဘူး.. အဲဒီထဲမှာ ထင်ရာမြင်ရာတွေရေးလို့ရတယ်.. ထင်ရာမြင်ရာတွေရေးရင်ဝင်ဖတ်တဲ့သူတွေကလည်း ထင်ရာ၊ မြင်ရာကို Cbox ထဲမှာရေးသွားမှာပဲ.. ရေးသွားပေးတာကိုပဲ တော်တော်ကျေးဇူးတင်နေရတယ်.. ရေးချင်တဲ့အကြောင်းအရာတွေကတော့ ခေါင်းထဲမှာအများကြီး.. ရေးဖြစ်ရင်လည်းဘယ်သူ့ကိုမှတော့တကူးတကဖိတ်ဖြစ်လိမ့်မယ်လို့မထင်ဘူး.. ဘာဖြစ်လို့လဲဆိုတော့ ရှက်လို့.. ကိုယ့်ရဲ့ခေါင်းပါးတဲ့ဗဟုသုတကိုအခြေခံပြီးရေးရမယ့်အကြောင်းအရာတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်နည်းနေတယ်.. အခုဆိုအလုပ်ကအရမ်းများနေတော့ ကိုယ့်ရဲ့ Blog ကိုတောင်တစ်နေ့နေလို့တစ်ခါဝင်မကြည့်နိုင်အားဘူး.. ဒီကြားထဲမှာ Post အသစ်တွေ တွေ့လိုတွေ့ငြားလာကြည့်တဲ့ Blog မိတ်ဆွေတွေနဲ့ အပေါင်းအသင်းတွေကိုလည်းအားနာမိတယ်.. ကျွန်တော့်ရဲ့ Blog မှာဘယ် Site တွေကိုမှ Link ထားတာလဲမရှိ၊ စိတ်ဝင်စားဖွယ်ရာအခင်းအကျင်းလည်းမရှိတော့ တစ်ခါလာကြည့်ပီးနောက်တစ်ခါထပ်လာ ကြည့်ဖို့တော်တော်တော့ဝန်လေးမှာလဲ.. ဒီကြားထဲ Post အသစ်တွေမှန်မှန်တင်လားဆိုတော့လည်းမတင်ပြန်ဘူး.. နှစ်ခါလောက်ဝင်ကြည့်လို့မှ ဘာမှမပြောင်းလဲရင်တော့ ဘယ်သူကနောက်ထပ်လာလည်ချင်ပါတော့မလဲ.. နည်းနည်းလေးအားခဲ့ရင်တော့၊ ဒီထက်နည်းနည်းလေးပိုအားခဲ့ရင်တော့ Post အသစ်ကလေးတွေတင်နိုင်ပါလိမ့်မယ်.. ဘယ်သူတောင်းဆိုထားခြင်းမရှိပေမယ့် ကိုယ့်ဘာသာကိုယ် လိပ်ပြာသန့်သွားချင်လို့ ကဗျာကယာ ရေးလိုက်ခြင်းဖြစ်ပါကြောင်း
Friday, November 14, 2008
Subscribe to:
Post Comments (Atom)
1 comment:
ကိုမုတ်ဆိုး--
"မုတ်ဆိုးမှ တောင်းပန်ခြင်း.."
ကို
ဖတ်သွားပါတယ်---စာတွေဖတ်နေတယ်---
ဝေဖန်ရေးတွေ ရေးနိုင်စွမ်းရှိတယ်---
ဝေဖန်ရေး ဆိုတာ လူတိုင်း မရေးနိုင်ဘူးလေ--
လေ့လာအားကောင်းမှ ဝေဖန်နိုင်တာပါ--
ဒါကြောင့် အလုပ်အားရင် ဆက်ရေးပါရှင်---
ကလောင်ဆိုတာ သွေးနေရတယ်မို့လား--
အားပေးနေပါတယ်--
Post a Comment